ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်နှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ် နှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မေလတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စေရန်အတွက် ကျောင်းအဝင်လမ်းများနှင့် ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းရေး၊ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ ကျောင်းသားကျောင်းသူအိပ်ဆောင်များ၊ ကျောင်းစာကြည့်တိုက်၊ အနုပညာခန်းမ၊ အားကစားခန်းမ၊ အားကစားကွင်းများအပါအဝင် ပြင်ဆင်ထားရှိ၍ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပညာသင်ယူလေ့လာဆည်းပူးကြစေခြင်းဖြင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် များစွာအထောက်အကူရရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ပုသိမ်နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့မှ ကျောင်းဖွင့်လှစ်နိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများ၊ သင်ကြားမှုသင်ယူမှုအခြေအနေများ၊ ကျောင်းဝင်ခွင့်ရရှိမှုအခြေအနေများ၊ ကျောင်းစာသင်ဆောင်နှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုနှင့် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ထားရှိမ ှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း ပုသိမ်တက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၇၀၃၁ ဦး၊ ပုသိမ်နည်းပညာတက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၁၀၆၁ ဦးနှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၅၁၁ ဦး ရှိပါကြောင်း သတင်းရရှိသည်။