ဘိုကလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဘိုကလေးပညာရေး ဒီဂရီကောလိပ်သို့သွားရောက်၍ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂)၌ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာဆရာမများ၏ ကဏ္ဍမှာများစွာအရေးပါကြောင်း၊ ပြီးခဲ့သည့်ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် မိမိ၏တပည့်များအား လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာဆရာမများသည် တပည့်များကိုသင်ကြားရင်း ကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေကြသူများဖြစ်သဖြင့် ထာဝရ ကျောင်းသားကြီးပင်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိမြင့်မားလာစေရန် စွမ်းဆောင်ကြရသူများဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ဆရာဆရာမများမှ မြို့နယ်အလိုက်အသီးသီး မိတ်ဆက်တင်ပြခဲ့၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။