ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားများသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာဆရာမများ၏ ကဏ္ဍမှာများစွာ အရေးပါကြောင်း၊ လာမည့်နှစ်တွင်လည်း ဒုတိယနှစ်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှပညာရေးဘွဲ့ (BEd)များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသူ ကျောင်းသားများအား လာမည့်ပညာသင်နှစ်တွင်ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်  ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာဆရာမများသည် တပည့်များကို သင်ကြားရင်း ကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည်ဖြစ်၍ ထာဝရကျောင်းသားကြီးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ တစ်ဖက်ကလည်း မိမိတပည့်များအား ပြုစုပျိုးထောင် မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် လောကကိုပညာဖြင့် အလှဆင်သူ၊ ဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ဆရာဆရာမများမှ တန်းခွဲအလိုက်အသီးသီး မိတ်ဆက်တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ပုသိမ်ပညာရေးဒီဂရီကောလိပ်၊  မြောင်းမြပညာရေးဒီဂရီကောလိပ်၊  ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့တွင် ဆရာဆရာမ စုစုပေါင်း ၉၂၀ ဦး တက်ရောက်လျက်ရှိပါကြောင်း သိရှိရပါသည်။

22-Apr-2022