ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်ဆင့်ကြပ်မတ်၍ အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် လာရောက်ထိုးနှံရန် အခက်အခဲရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းပရိဘောဂများ၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာများ ပြည့်စုံကောင်းမွန်မှုရှိမရှိတို့အား ကြည့်ရှုစစ်ဆေး‌ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းဝန်းအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ကာ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသားများကျောင်းတက်ရောက်မှုအခြေအနေနှင့်  ‌စာသင်ဆောင်များ ဆောက်လုပ်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး‌၍ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

21-Apr-2022