လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက်၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာ၊ ကွင်းအမှတ် ၅၈၁ က၊ အောက်ချောင်းကွင်း၊ ဦးပိုင် ၁၃/၄ တောင်သူဒေါ်ခင်ရီ၏ လယ်မြေ ၁.၉၇ ဧက တွင်နွေစပါး(GW 11)မျိုး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာ ၁ဧက လျှင် ၁၃၀ တင်း နှုန်းထွက်ရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ​​တောင်သူများ နှင့်တွေ့ဆုံ၍  သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီမြေသြဇာ ကောင်းမွန်လာမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သစ်စိမ်း​မြေသြဇာ ပိုက်ဆံ​လျှော်ထည့်သွင်းစိုက်ပျိုးမှုအဆင့်အဆင့်အား စိုက်ပျိုး​ရေးဦးစီးဌာနအ​နေဖြင့် စနစ်တကျမှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံ​​တောင်သူများအား သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များ ​ထောက်ပံ့​ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လယ်မြေအတွင်း ပိုက်ဆံလျှော် မျိုးစေ့များကြဲပတ်ပေးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လပွတ္တာ - သဲဖြူ ဆက်သွယ်ရေးလမ်း (၁/၂.၆)မိုင် ကွန်ကရစ် လမ်းခင်ခြင်း လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး လပွတ္တာခရိုင်၊ ကျေးလက်လမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ကွန်ကရစ်လမ်းအပြီးသတ်လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

19-Apr-2022