ဆိုလာစနစ်ဖြင့် လျှပ်စစ်ရေတင်နေမှုအခြေအနေအား ကြည့်ရှုခြင်းနှင့် တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်
၂၀၂၂ခုနှစ် ဧပြီလ(၁၀)ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ကြာဖြူကျေးရွာအုပ်စုသို့ရောက်ရှိ၍ ဆိုလာစနစ်ဖြင့်လျှပ်စစ်ရေတင်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်မြေအတွင်း ပိုက်ဆံလျှော်မျိုးစေ့ ထည့်သွင်း စိုက်ပျိုးခြင်းမှတ်တမ်းများ၊ တိုင်းဒေကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် စိုက်ပျိုးခြင်းကြောင့် စပါးအထွက်နှုန်းများတိုးတက်မှုအခြေအနေများအား တင်ပြခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မြေဆီလွှာကောင်းမွန်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းကို ဒေသခံတောင်သူများ စိတ်ပါဝင်စားလာစေရေး၊ အရည်အသွေးပြည့်မီသော ဆန်စပါးများရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြေဆီလွှာအာဟာရဓါတ်များ ပြန်လည်ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန်ပြန့် သိရှိအောင် ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှုအဆင့်အဆင့်အား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စနစ်တကျမှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဒေသခံတောင်သူများနှင့်အတူ လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား စုပေါင်းကြဲပက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။