နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်စက်မှုမြို့တော် စီမံကိန်းရုံးတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ကြွရောက်လာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ(မတ္တရာ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာဝောာ်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြ၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။