ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငရုတ်ကောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ တံတားအရှည် ၁၂၈၀ပေ (Bored Pile RC Concrete) အမျိုးအစား ချောင်းဝတံတားတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီးနောက် တံတားတည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတာဝန်ခံများနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/သားများ အေးချမ်းစွာ စာ​မေးပွဲဖြေဆိုနေမှုများ၊ ကျောင်းဆောင်ကြံ့ခိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ဓမ္မိကာရုံမြို့မကျောင်းတိုက် ဆရာတော်ဘုရားကြီးအားဖူးမျှော်၍ သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်း ဆွမ်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနရက္ခိတကျောင်းဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီရေတောများထိန်းသိမ်းရေးနှင့်ရေနေသတ္တဝါများ မျိုးသုန်းပျောက်ကွယ်မှုမရှိစေရေးနှင့်ဒေသခံပြည်သူများမှ သစ်တောများစနစ်တကျထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်သစ်တောဉီးစီးဌာနမှ ထပ်မံဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ဒီရေတော ကြိုးပြင်ကာကွယ်တော (၁၀၁၈)ဧကအား သွားရောက်ကြည့်ရှုခဲ့ပြီး သစ်တောဉီးစီးဌာန ခရိုင်သစ်တောဉီးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်တင်ပြဆောင်ရွက်သွားရန် လမ်းညွန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍  တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် ငရုပ်ကောင်းလမ်း ၁မိုင် ၂ဖာလုံအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီစေရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

06-Apr-2022