ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဟာ နိုင်ငံတော်က ဘဏ္ဍာရေးနှစ် ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို တွန်းအားပေး ဆောင်ရွက်ရမဲ့နှစ်လည်း ဖြစ်ပါကြောင်း တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍအလိုက်လျာထားချက်များကို အကောင်အထည်ဖော်ရာမှာ ကဏ္ဍများရဲ့ ထုတ်လုပ်နိုင်စွမ်းဆောင်ရွက်နိုင်စွမ်းရှိသမျှ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ထို့အပြင်ပြည်သူအများစု ရေတိုလက်ငင်း အကျိုးကျေးဇူးရရှိခံစားရမဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်ပေးနိုင်ဖို့လည်း လိုအပ်ပြီးတိုင်းဒေသကြီး၏ စီးပွားရေးမှာ ပါဝင်မှုအများဆုံးဖြစ်ပြီး အဓိကလည်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အခြေခံတန်ဖိုးမြင့် ကုန်ထုတ် လုပ်ငန်းများဖြစ်တဲ့ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အဆိုပါလုပ်ငန်းများရဲ့ ထုတ်လုပ်မှုများ သက်ဆိုင်ရာကဏ္ဍအလိုက် မကျန်ရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက် လျာထားချက်များ ပြည့်မီကျော်လွန်ရေး ဆောင်ရွက်ရင်းနိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ဖြစ်သော စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သတ်မှတ်လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးထွက်ရှိနိုင်ရေး ကိုလည်းအင်တိုက်အားတိုက် ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာသကဲ့သို့ ဒေသနေပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်သည့် ဈေးနှုန်းဖြင့် စားသုံးနိုင်မှာဖြစ်ပါကြောင်း ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးအနေနဲ့ ကဏ္ဍအချင်းချင်း၊ ဒေသအချင်းချင်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသန္တရစီမံကိန်းတာဝန်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

04-Apr-2022