ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက လပွတ္တာခရိုင်၊ ပြင်စလူမြို့ Multi Cyclone Shulter သို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ရာ ဉီးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင်မုန်တိုင်းဒဏ်ခံနိုင်သည့် Cyclone Shulter (၁၁၆)လုံး ဆောက်လုပ်ပေးပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်များအနေဖြင့် မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်(၄)ချက်ကို လိုက်နာဆောင်ရွက်ထားကြရန် လိုပါကြောင်း၊ မုန်တိုင်းဝင်ရောက်လာမည်ကိုသိရှိပါက Multi Cyclone Shulter များသို့ အချိန်မီသွားရောက်ခိုလှုံကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများအား လာရောက်ထိုးနှံစေရေးဝိုင်းဝန်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ Cyclone Shulterများ ဆောက်လုပ်ပေးနိုင်ရေး၊ သောက်သုံးရေရရှိစေရေးစသည့် လိုအပ်ချက်များအား အသီးသီးတင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ကယ်ဆယ်ရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ကာ  ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် Multi Cyclone Shulter တွင်ဖွင့်လှစ်ထားရှိသည့် ပြင်စလူမြို့ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး လူနာများနှင့် ဆေးရုံ၀န်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှု့အားပေးခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်စလူမြို့ Multi Cyclone Shulter တွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်  ပြင်စလူမြို့ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်  သက်ဆိုင်ရာဌာနအလိုက် အဆင့်ဆင့်တင်ပြ ဖြေရှင်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ရဲ့တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြင်စလူမြို့ဌာနဆိုင်ရာဝန်ထမ်းများမှ တစ်ဉီးချင်းမိတ်ဆက်တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် အစရှိသည့်စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

03-Apr-2022