ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်၀င်းသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ဖြေဆိုလျက်ရှိသော ပုသိမ်မြို့ပေါ်ရှိကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ  ကျင်းပသည့် တက္ကသိုလ်၀င်စာမေးပွဲတွင်  ဧရာ၀တီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ဖြေဆိုလျက်ရှိရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဧပြီ လ (၁)ရက်နေ့၊ ယနေ့နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့ပေါ်ရှိ ကျောင်းများဖြစ်သော အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင်  တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ကို အေးချမ်စွာစာမေးပွဲဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း နေထိုင်သွားလာရေးကိစ္စများ ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ပေးရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ပုသိမ်ခရိုင်(၇၁)ခု၊ ဟင်္သာတခရိုင်(၅၁)ခု၊ မြောင်းမြခရိုင်(၃၂)ခု၊ လပ္ပတ္တာခရိုင်(၁၆)ခု၊ မအူပင်ခရိုင်(၄၅)ခု၊ ဖျာပုံခရိုင်(၃၂)ခု၊ စုစုပေါင်း(၂၄၇)ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၇၂၂၅)ဦး ၀င်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သတင်းရရှိပါတယ်။

01-Apr-2022