ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီ:လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊  ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်ခရိုင်/ကျုံပျော်မြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တု ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး ဝန်ကြီးချုပ်မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္တိနှင့်စပ်လျဉ်း၍ မြင့်မြတ်သည့် စိတ်ဓာတ်နှင့် မှတ်သားဖွယ်အမူအကျင့်ကောင်း တို့အပေါ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်း ရုပ်တုဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးမြင့်ဆွေမှ ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားပြီး အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

 

14-Feb-2017