ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်မန်းဂျော်နီသည် ပုသိမ်မြို့၊ ကန်သာယာ(ပြည်ထောင်စုကွင်း)၌ ကျင်းပပြုလုပ်သော ၂၀၁၇ခုနှစ်၊ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်မန်းဂျော်နီသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စစ်ဖက်/နယ်ဖက် အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ပုသိမ်မြို့ ကန်သာယာ (ပြည်ထောင်စုကွင်း)၌ ကျင်းပပြုလုပ်သော ၂၀၁၇ ခုနှစ်၊ နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့် တက်ရောက်သူများအားလုံးမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလံပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့်ရဲဘော်များအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ကာ ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတမှ ပေးပို့သော ၂၀၁၇ ခုနှစ်၊ နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ဌာနဆိုင်ရာ အသီးသီးမှ ခင်းကျင်းပြသသော နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။

13-Feb-2017