ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဆေးဝါးများ၊ ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှုအားပေးခြင်းနှင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသ​ရေးလုပ်ငန်းများအတွက် အထောက်အကူပြု ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၁၇) ရက်နေ့၊နံနက်( ၁၀၀၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ရှိ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ Oxygen Concentrator  (၂)လုံး၊ Oxygen-40 Litter (၂၀)အိုး၊  PPE(၂၀၀)စုံနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ဝိ/-)ကျပ်အားထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံတာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ငပုတောပြည်သူ့ဆေးရုံးအတွင်းရှိ ခွဲစိပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့၊ စိန်ပန်းကျောင်းတိုက်အတွင်း Oxygen စက်ရုံတည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ရာ (၁၁၂၀)နာရီအချိန်တွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ရောက်ရှိ၍ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား စက်မှုမြို့တော်စီမံကိန်းဒုတိယဥက္ကဋ္ဌ ဦးစည်သူစိုးမှ ရှင်းလင်းတင်ပြခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

17-Aug-2021