ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကျုံပျော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဆေးဝါးများ၊ ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အောက်စီဂျင်စက်တပ်ဆင်မည့်နေရာ ကြည့်ရှုခြင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသ​ရေးလုပ်ငန်းများအတွက် အထောက်အကူပြုဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၁၅) ရက်နေ့၊ (၁၄၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသ​ရေးလုပ်ငန်းများအတွက် အထောက်အကူပြုဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ Oxygen (40)L (၂၀)အိုး၊Oxygen Concentrator (၂)လုံး၊ Surgical Mask(၂၅၀၀)ခု၊ Goggles(၅၀)ခု၊ PPE(၅၀)စုံနှင့် ဆေးရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ဝိ/-)ကျပ်အားပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးနှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ    ဆေးရုံဝန်ထမ်းများအတွက် Nan Myaing Coffee ထုပ်များ၊ ရွှေဖီဦးအသင့်ဖျော်လ္ဘက်ရည်ထုပ်များ၊ မှော်ဘီအဆင့်မြင့်ခေါက်ဆွဲထုပ်များနှင့်ကြက်ဥများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ PPE (၃၀၀)စုံ၊ Oxygen Concentrator (၂)လုံးနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ နာရေးကူညီမှုအသင်း(ကျုံပျော်) အဆောက်အဦတွင် အောက်စီဂျင်စက်တပ်ဆင်ရန် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျုံပျော်မြို့မှ ပြန်လည် ထွက်ခွာလာခဲ့ရာ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖြင့်ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း (၃၆)ဧကသို့ ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ စိုက်ပျိုးဖြစ်ထွန်း နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မျိုးစေ့စိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တောင်သူများမှ စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲများအား တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သို့ပြန်လည်ထွက်ခွာလာခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (၅၆.၃၀၅သန်း)ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း(ပုသိမ်မြို့အဝင်လမ်း)မိုင် ၁၁၀/၃-၁၁၀/၄ အတွင်း Box Culvert 95' ×10' Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်မှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် (၄)နာရီလျှင် အောက်စီဂျင်(၄၀) လီတာ (၁၆)အိုးထွက်ရှိသည့် အောက်စီဂျင်စက် တပ်ဆင်ပြီးစီး၍ အောက်စီဂျင် ထုတ်လုပ် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

15-Aug-2021