ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၄)ရက်၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များတွင်  သတင်းသုံးတော်မူနေ ကြသည့် ရဟန်း၊ သာမဏေများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ ပုသိမ်မြို့၊ ညောင်ပင်သာကျောင်းတိုက်ဆရာတော် ဦးဝိဿုတ (နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မောင်း​ထောင်ကျောင်းတိုက်ဆရာတော် ဦးပညာဓိက(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မြောင်းမြကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏိတာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မရမ်းချိုကျောင်းတိုက်ဆရာတော် ဦးသောဘိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) တို့ထံသို့ ဆွမ်းဆန်၊ ဆီ၊ ကြက်ဥ၊ ဆေးဝါး၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာတရားများ နာယူကြည်ညိုခဲ့ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

14-Aug-2021