ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် လျှပ်စစ်ဌာနများမှ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၃) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် တိုင်း​ဒေသကြီးလျှပ်စစ်ဌာနဌာနတို့မှ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူး​​ရေးလုပ်ငန်းမှ တိုင်းဦးစီးမှူးများ တက်ရောက်ခဲ့ ကြပါတယ်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်း​ဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးတင့်က သစ်တောလုပ်ငန်းများဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ မိန်းမလှကျွန်း (ဘေးမဲ့တော)နှင့် ပတ်သက်သောအကြောင်းအရာများ၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေများနှင့်ပတ်သက်၍ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဒီရေတောစိုက်ခင်းတည်ထောင်ထားရှိမှု အ​ခြေအ​နေတို့အား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်း​ဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူး​ရေးလုပ်ငန်းမှ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးထင်ကျော်က လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုအခြေအနေများနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းများ၏ ဘတ်ဂျက်ရန်ပုံငွေရရှိမှု၊ လုပ်ငန်းများပြီးစီးမှုနှင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ အစရှိသည်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကလိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

13-Aug-2021