ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြောင်းမြမြို့နှင့် လပွတ္တာမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၇)ရက်နေ့ ၊ နံနက်(၈)နာရီခွဲအချိန်တွင် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ စမ်းကျောက်လမ်းတွင် Oxygen စက်ရုံတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် စက်ရုံအမြန်လည်ပတ်နိုင်ရေး လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ မြကန်သာရပ်ကွက်၊ စမ်း​ချောင်းလမ်းရှိ ဦးမျိုးကိုကို၊ ကြက်ဥ/ ဘဲဥ ​ရောင်းဝယ်​ရေးလုပ်ငန်းသို့ သွား​ရောက်၍ ကြက်ဥ၊ ဘဲဥ​စျေးနှုန်းနှင့် ဝယ်ယူရောင်းချနေမှုများအား ကြည့်ရှုခဲ့ပြီး နေ့စဉ်ရောက်ရှိ ရောင်းဝယ်နေမှုအခြေအနေများအား မေးမြန်းခဲ့ကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊  စားသုံးသူများ သက်သက်သာသာ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင် + ဒေါ်ရီရီသန့် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ နေ့စဉ်ကြက်ဥထွက်ရှိမှုအခြေအနေများ၊ ကြက်ဥစျေးနှုန်းများနှင့် ရောင်းချမှု အခြေအနေများအား ကြည့်ရှုအား​ပေးခဲ့ပြီး ယခုကာလအတွင်း အများပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ​မွေးမြူ​ရေးလုပ်ငန်းအတွက် ​ဆေးဝါးများထောက်ပံ့​ ပေးအပ်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့မှ လပွတ္တာမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့၊ အမှတ်(၁၁၂၂)၊ မ​ဟော်ဂနီလမ်းတွင် လပွတ္တာမြို့နယ်အတွင်းရှိ ဆရာ​တော်/သံဃာ​တော်များကဦး​ဆောင်၍ ​စေတနာရှင် မြို့နယ်သူ၊ မြို့နယ်သားများ စုပေါင်းလှူဒါန်း​၍ Oxygen စက်ရုံတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုအား​ပေးခဲ့ပါသည်။ ဆက်လက်ပြီး လပွတ္တာမြို့နယ်၊ ​ကျောက်​မှော်​ကျေးရွာအုပ်စု၊ ​အောက်​ချောင်းကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀) စံပြစိုက်ကွင်းရှိ တောင်သူဦးထွန်းလင်း၏ စံပြကွက်စိုက်ခင်းတွင် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေ အနေများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ လပွတ္တာမြို့၊ ကုတင်(၁၀၀) ဆေးရုံသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး PPE ဝတ်စုံများ၊ ဆေးပစ္စည်းများ၊ Oxygen 40 Litter အိုး(၂၀)လုံးနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာရှိ ရှင်စောမြတ်စေတီတော်မြတ်တန်​ဆောင်းတွင် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇ အရှင်သူမြတ်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့သို့ပြန်လည် ထွက်ခွာ လာခဲ့ပြီး မြောင်းမြမြို့ရှိအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများအားကြည့်ရှုအားပေးခဲ့ကာ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် Oxygen 40 Litter အိုး(၁၅)လုံးနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံကြီးတွင် အောက်စီဂျင် ထုတ်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့သို့ပြန်လည်ထွက်ခွာလာခဲ့ပြီး ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာတွင် We Love Pathein ပရဟိတအဖွဲ့မှ  အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

07-Aug-2021