ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ပန်းတနော် မြို့များသို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ရေကြည်မြို့၊ ရေကြည်ဦးရိပ်သာတွင် နွားရေတိုက်ကျေးရွာ ပေါ်ဆန်းမွှေးစပါးစိုက်တောင်သူ ဦးကျော်မင်းနှင့် ဦးကျော်မျိုးဝင်းတို့နှင့်တွေ့ဆုံ၍ ဒေသမျိုးစပါးအား နည်းပညာပေါင်းစပ်၍ သွင်းအားစုအပြည့်အဝထည့်သွင်းကာ စနစ်တကျစိုက်ပျိုးပါက မူလဧရာဝတီ ပေါ်ဆန်းအဖြစ် ဈေးကွက်ဝင်လာအောင်စိုက်ပျိုးထုတ်လုပ်သွားရန် ဆွေးနွေးမှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ခွဲစိတ်ခန်းအသစ်တည်ဆောက်နေမှု၊ ဆေးသိုလှောင်ခန်း သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီးဆေးရုံအတွက် အောက်စီဂျင် 40 L အိုး(၁၀)လုံးနှင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ပြီးနောက် အ.ထ.က(၂)မြို့မကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရေကြည်မြို့သီတာရုံကျောင်းတိုက် ဆရာတော်အား သွားရောက် ကြည်ညိုပူဇော်ခဲ့ပြီး ဆရာတော်အားလှူဖွယ်ပစ္စည်များနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး အောက်စီဂျင်ပလန့်တည်ဆောက်မည့် မြို့မရပ်ကွက်သို့ သွားရောက်ခဲ့ပြီး လျှပ်စစ်မီး  အပြည့်အဝရရှိရေးနှင့် အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကာ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း မိသားစုတို့မှ အလှူငွေကျပ်သိန်း(၂၀)တိတိကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ထို့နောက် ဆီဆုံကုန်းနည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့် တွေ့ဆုံခဲ့ပြီးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါတယ်။ ထို့နောက် ဗောဓိကုန်းတာသို့ရောက်ရှိပြီး ရေဘေးကာကွယ်ရေး အစီအမံများနှင့် တာတမံကြံ့ခိုင်ရေး ကိစ္စရပ်များအားတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍ ဟင်္သာတမြို့သို့ထွက်ခွာလာရာ ဦးအောင်မြတ်ကျော် ပိဋကတ်တိုက် ပြည်လုံးချမ်းသာ ဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ထို့နောက် ခရိုင်မီးသတ်စခန်းတွင်တည်ဆောက်နေသည့် အောက်စီဂျင် ပလန့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဆက်လက်၍ ဟင်္သာတတက္ကသိုလ်အားကစားရုံတွင် ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှု၊ ကွာရန်တင်းစင်တာတွင် လက်ခံကုသပြုစုနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါတယ်။ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် အောက်စီဂျင် 40 L အလုံး(၂၀) ပေးအပ်ခဲ့ပြီးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

ဆက်လက်၍ လယ်တီကွင်း သံလမ်းရှိ ဦးစန်းလွင်၏ပုဂ္ဂလိကစီးပွားဖြစ် ဥစားကြက် မွေးမြူရေးခြံတွင် ဥစားကြက် (၄၀၀၀)မွေးမြူ၍ ဥ ထုတ်လုပ်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးကာကွယ်ဆေးများ ထောက်ပံ့ခဲ့ပါတယ်။

ဆက်လက်၍ ပန်းတနော်မြို့သို့ရောက်ရှိပြီး ဘိုးဘွားရိပ်သာဝန်းအတွင်း အောက်စီဂျင်ပလန့် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် ပန်းတနော်မြို့ပြည်သူ့ဆေးရုံတွင် အောက်စီဂျင်အိုး40L (၁၀)လုံးနှင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ ဆေးကုသပေးနေမှုအပေါ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါတယ်။

05-Aug-2021