ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေး၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၄) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်ဆည်မြောင်းဦးစီးဌာနတို့မှ ဌာနလုပ်ငန်း ဆိုင်ရာဆောင်ရွက်ချက်များအား  ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးခိုင်မှ ဦးစီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များနှင့် ဘဏ္ဍာရေးဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲပါသည်။

ထို့နောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးဝင်းမြင့်စောမှ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ခုနှစ် အောက်တိုဘာလမှ ဇူလိုင်လအထိ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြီးနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြာရေးမှူး ဦးစိန်မောင်မြင့်က တိုင်းဒေသကြီးအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ် လုပ်နိုင်မှုအခြေအနေ၊ ပိုးမွှားရောဂါကာကွယ်စောင့်ရှောက်နိုင်မှုအခြေအနေနှင့် ဓါတ်ခွဲခန်းများ ဆောင်ရွက်ထားရှိနိုင်မှု    အခြေအနေစသည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးကြည်ဆွေက တိုင်းဒေသကြီးအတွင်း ရေဘေးကာကွယ်ရေးအတွက် တာများအားပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရေလှောင်တမံများအန္တရာယ်တစ်စုံတစ်ရာမကျရောက်စေရန် ပြင်ဆင်ထားရှိမှု အခြေအနေအစရှိသည်တို့၏ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ကြပါသည်။

အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

04-Aug-2021