ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၄)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် အောက်စီဂျင် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး၊ ကူးစက်မှုများ လျော့နည်းစေရေး၊ ကာကွယ်ဆေးများအား သတ်မှတ်ချက်များအတိုင်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေး ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က (၃၁/၂၀၂၁)အစည်းအဝေးမှတ်တမ်းအပေါ် ဆောင်ရွက်ထားရှိမှုနှင့် အောက်စီဂျင်လိုအပ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ အတည်ပြုလူနာ များအား ကုသပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများ၊ ရောဂါကာကွယ်ကုသရေးအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက် ကော်မတီဝင်များမှ ရောဂါကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

04-Aug-2021