ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်အား တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၃) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်ကိုက နိုင်ငံပိုင်အခန်းကဏ္ဍ ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုလျာထားချက်များ၊ တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြာရေးမှူး ဦးကျော်စိုးဝင်းက ဧရာဝတီတိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှု ဝန်ဆောင်မှုတန်ဖိုး(GDP) တိုးတက်လာစေရန် စီမံကိန်းရည်မှန်းချက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

03-Aug-2021