ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၉)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူ ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင်ခန်းမနှင့် မြို့တော် ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။ ပုသိမ်မြို့၊ အထက(၁)၊ အထက(၄)နှင့် မြို့တော်ခန်းမတို့တွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။