ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး (၁၅)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၈)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး(၁၅)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်၊ ကောင်စီအဖွဲ့ဝင်များ၊ ​ကောင်စီအတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆရာတော်အရှင် သူမြတ်များထံမှ တရားတော်များနာယူကြည်ညိုခဲ့ကာ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

28-Jul-2021