ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၊ နှီးနွယ်အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၄)ရက်၊ (၁၂၀၀)နာရီအချိန်၌ ဧရာဝတီတိုင်း​​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အည်းအ​ဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအ​ဝေးကျင်းပပြုလုပ်ခဲ့ရာ တိုင်း​​ဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ​ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ​ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအ​ဝေးတွင် တိုင်း​​ဒေသကြီး (COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့် အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ကော်မတီအတွင်း​ရေးမှူး ဗိုလ်မှူးကြီး​ကျော်စွာလှိုင်၊ တိုင်း​ဒေသကြီးပြည်သူကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ​ဒေါက်တာ​ဇော်မင်းထွန်းနှင့် ​ကော်မတီဝင်များမှ တိုင်း​ဒေသကြီးအတွင်း (COVID-I9) ထိန်းချုပ်ကာကွယ်ကုသ​ရေးလုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ လိုအပ်ချက်များအား ​ဆွေး​နွေးတင်ပြကြရာ ​ကော်မတီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့​ပါသည်။

ဆက်လက်၍ (၁၃၀၀) နာရီအချိန်တွင် တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်း​အ​ဝေးခန်းမ(၁)၌ ဧရာဝတီတိုင်း​ဒေသကြီးအတွင်း COVID-19 ​ရောဂါကာကွယ်ကုသ​ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကျန်းမာ​ရေးလုပ်ငန်းများ၊ နှီးနွယ်အသင်းအဖွဲ့များ ပူး​ပေါင်းပါဝင်ကူညီနိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ​​ဆွေး​နွေးပွဲတွင်တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးပြည်သူကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ​ဒေါက်တာ​ဇော်မင်းထွန်းမှ တိုင်း​ဒေသကြီးအတွင်း (COVID-19) ​ရောဂါဖြစ်ပွား​နေမှုနှင့်ပတ်သက်၍ ​ဆွေး​နွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့တက်​ရောက်လာကြသည့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာ​ရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံကြက်​ခြေနီအသင်းနှင့် ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိပုဂ္ဂလိက​ဆေးရုံများမှ ကိုယ်စားလှယ်များက တိုင်း​ဒေသကြီးအတွင်း ကာကွယ်ကုသ​ရေးလုပ်ငန်းများတွင်​ ကူညီဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများ၊ ​ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များ၊ လိုအပ်ချက်များအား​ ဆွေး​နွေးတင်ပြကြရာ ​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ ​ဆွေး​နွေးတင်ပြချက်များအ​ပေါ် ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

24-Jul-2021