ဧရာဝတီတိုင်းဒေသကြီး (COVD -19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အလှူရှင်များမှ Oxygen Concentrator များနှင့် Oxygenerator ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်းနှင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၂) ရက်၊ (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အလှူရှင်များမှ Oxygen Concentrator များနှင့် Oxygenerator ကိုပေးအပ်လှူဒါန်းပွဲကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် (COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား ဦးစည်သူစိုးမှ လှူဒါန်းရခြင်းနှင့်ပါတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် A to Z Holding Company Ltd မှ Oxygen Concentrator(၈) လုံး၊ ဧရာဟိုးဒင်းလ် ကုမ္ပဏီလီမိတက်နှင့်ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှ တစ်ရက်လျှင် အောက်စီဂျင် (40 L) အိုး( 160 ) ထုတ်လုပ်ပေးနိုင်သည့်ငွေကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Oxygenerator စက်နှင့် Buffo Myanmar com Ltd မှ ငွေကျပ်(၂၀)သိန်းတို့အား သက်ဆိုင်ရာအလှူရှင်များကလှူဒါန်းရာ ကော်မတီဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် (၁၀၁၅) နာရီအချိန်တွင် တိုင်းဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ဆက်လက် ပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ အမှာစကားပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း (COVID-I9) ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဌနှင့် တိုင်းမှူးတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။