ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၀) ရက်နေ့ ၊ နံနက် (၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့ရာ တိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် (COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ (COVID-19)ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှု အခြေအနေများနှင့်အောက်စီဂျင်လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်သရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း တို့ကဆွေးနွေး တင်ပြကြပါသည်။
ထိုနောက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက (Covid-19) ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။