Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၇/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၆)ရက်နေ့ ၊ (၁၀၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊  ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် (COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ (COVID-19)ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှုအခြေအနေများအား တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခဲ့ကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

06-Jul-2021