ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ မီးသတ်ဦးစီးဌာနတွင် ထားရှိသော တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးငြိမ်းသတ်ယာဉ်များနှင့် လူနာတင်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည်၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် တိုင်းဒေသကြီးလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနသို့ ရောက်ရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးငြိမ်းသတ်ယာဉ် (၇)စီးနှင့် လူနာတင်ယာဉ် (၅)စီးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ယာဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

27-Jan-2017