ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၃၁)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးကွပ်ကဲမှုအောက် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ (၃.၅.၂၀၂၁)ရက်နေ့မှ(၃၀.၅.၂၀၂၁)ရက်နေ့ထိ “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန တိုင်းဦးစီးမှူးမှ ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းတင်ပြခဲ့ကာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကာယကံရှင်များထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။