ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ရေကြောင်းအဝင်လုံခြုံရေးအတွက် ငဝန်မြစ်အတွင်း လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်သည် ၂၀၂၁ခုနှစ်၊မေလ(၂၉) ရက်နေ့ နံနက်(၈)နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းအရာရှိချုပ်၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ပုသိမ်မြို့ရေကြောင်းအဝင်လုံခြုံရေးအတွက် ငဝန်မြစ်အတွင်း လိုက်လံစစ်ဆေး ခဲ့ပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရေယာဉ်ဖြင့် ငဝန်မြစ်အတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်  ဆိပ်ကမ်းအရာရှိချုပ် ဦးလတ်ထွန်းက ရေကြောင်းအဝင်လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးရဲမြင့်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်မြို့အဝင်သတ်မှတ် ရေကြောင်းလမ်း အတိုင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။

29-May-2021