ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်၏ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၆)ရက်နေ့၊ (၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်၏ တာဝန်နှင့် ဝတ္တရားများ လွှဲပြောင်းစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီဥက္ကဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံပိုင်ရုပ်ရှင်ရုံလွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊  နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်နှင့်ပတ်သက်၍ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုးပြီးသော နိုင်ငံပိုင်ရုပ်ရှင်ရုံလွှဲပြောင်းစာချုပ်များကို ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)နှင့် ရုပ်ရှင်ရုံနှစ်ရှည် ငှားရမ်းသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

26-May-2021