ပုသိမ်မြို့၊ Royal Lake တွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြခြင်း

မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏အရံအင်အားအဖြစ်  ဆောင်ရွက်ရေးတို့ကို ရည်မှန်းတာဝန် (၄)ရပ်၊ လုပ်ငန်းစဉ်ကြီး(၇)ရပ်ချမှတ်ကာ ပြည်သူများအား ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၂၆)ရက်နေ့၊ (၀၉၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ Royal Lake တွင်ကျင်းပပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များမှသရုပ်ပြရာတွင် လှေတိမ်းမှောက်နေသည်ဟု သတင်း ရရှိချိန်တွင် Speed Boat ဖြင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကယ်ဆယ်မှု သရုပ်ပြခြင်း၊ လှေမီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့ချိန်တွင် ဂျက်စကီး အသုံးပြုကာ တပ်ဖွဲ့ဝင်(၂)ဦးမှ Dry Chemical powder မီးသတ်ဆေးဘူးဖြင့် မီးငြိမ်း သတ်မှုအား သရုပ်ပြခြင်း၊ ရေနစ်နေသူအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၂)ဦးမှ သွားရောက် ကယ်ဆယ်မှု သရုပ်ပြခြင်းနှင့် INTELLIGENCE Lifebuoy၊ ဂျက်စကီး၊ Speed Boat တို့ဖြင့် စီတန်းမောင်းနှင်ကာ ဂုဏ်ပြုအလေးပြုခဲ့ပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်းအစီအစဉ်အား အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

26-May-2021