ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၅)ရက်နေ့၊ (၀၈၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးရင်ပြင်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်ဇနီး၊  ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ညောင်ရေ သွန်းလောင်းခဲ့ကြောင်း သတင်းရရှိပါသည်။

25-May-2021