ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်း ကျောင်းခွဲ(လ-၂) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၂၂)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၂) ကျောင်းဝန်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား(၁၉၂)ဦးတို့ဖြင့် ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီး သူရအောင်အောင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။        

22-May-2021