ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကျင်းပ ပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၁)ရက်နေ့ ၊ (၀၉၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးလယ်ယာမြေစီမံ ခန့်ခွဲမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

21-May-2021