ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၂၁)ရက်နေ့ ၊ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ သွားရောက်၍ Covid-19 သံသယလူနာ ထားရှိကုသနေမှုအခြေအနေများနှင့် ဝန်ထမ်းများ၏လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

21-May-2021