ကျုံပျော်မြို့နယ်၊ သောင်ကြီး-ဆိပ်ကြီးလမ်း၊ ဒါးကချောင်းကူးတံတားတည်ဆောက်ပြီးစီးမှု၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း ဖြတ်တာ အသစ်တည်ဆောက်ခြင်းနှင့် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၈)ရက်နေ့ ၊ (၀၈၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်း၊ ကောင်စီ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊  တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်၊  ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ခရိုင်/မြို့နယ် အဆင့်တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီး-ဆိပ်ကြီးလမ်း၊ မိုင်(၁/၂-၁/၃)၊ ဒါးကချောင်းကူးတံတားတည်ဆောက် ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်မှ တံတားဆိုင်ရာအချက်အလက်များအားရှင်းလင်းတင်ပြရာ ဒါးကချောင်းကူးတံတားသည်  ၈.၁၂.၂၀၂၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၉၀%) တည်ဆောက်ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေရရှိမှုမှာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ်(၅၆.၅၀)သန်း (ပြည်ထောင်စုငွေလုံးငွေရင်း)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကျပ် (၃၀၀.၀၀)သန်း(ပြည်ထောင်စု ငွေလုံးငွေရင်း)၊ ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ် ကျပ် (၁၀၀.၀၀)သန်း(ပြည်ထောင်စုဖြည့်စွက်)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျပ်(၂၆၃.၀၀)သန်း(ပြည်ထောင်စုငွေလုံးငွေရင်း)ဖြစ်ကြောင်း၊ တံတားအမျိုးအစားမှာ အပေါ်ထည်- 18.3 m RC Girder ×5 Span သံကူကွန်ကရစ် ကြမ်းခင်းနှင့်လက်ရန်း၊ ကိုယ်ထည်- သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ်- 1.0 m Æ Bored Pile Foundation ဖြစ်ကြောင်း၊ တံတား၏အရှည်မှာ (၉၁.၃၄)မီတာ (၃၀၀)ပေရှိပြီး ခွင့်ပြုယာဉ်အလေးချိန်မှာ (၂၀)တန်ဖြစ်ကြောင်း၊ ကျေးရွာစုစုပေါင်း(၈)ရွာ၊ အိမ်ခြေ(၇၀၁)အိမ်၊ လူဦးရေ(၃၃၃၉)ဦးတို့ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၀၃၀)အချိန်၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း ဖြတ်တာအသစ်တည်ဆောက်ခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတိုင်းဦးစီးမှုးဦးကြည်ဆွေမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်း တင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၀၅၀)အချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်း၊ အခြေထိန်း Geo-Bag များ အလျား(၅၅၀)ပေ ချထားခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ရှင်းလင်းတင်ပြခဲ့ရာ ကမ်းထိန်းလုပ်ငန်းအား တိုင်းဒေသကြီး မူလခွင့်ပြုရန်ပုံငွေ(၁၇၃.၉)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ပြီး ၃၀.၅.၂၀၂၁ရက်နေ့တွင် လုပ်ငန်း ပြီးဆုံးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ကြရန်နှင့် လိုအပ် သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

18-May-2021