အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်ခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန်နှင့် အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက်(၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့မှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ သင်ခန်းစာနမူနာ ဒီဇိုင်းလက်ရာများအား လိုက်လံကြည့်ရှုခဲ့ကြ ပါသည်။ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၅.၂၀၂၁)ရက်နေ့မှ (၁၇.၉.၂၀၂၁)ရက်နေ့အထိ (၁၈)ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

17-May-2021