ပုသိမ်မြို့၊ အောင်သပြေဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် မရမ်းချိုကျောင်းတိုက်တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ ၊ (၁၃၁၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၊ အောင်သပြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူဦးရေ(၅၀)ဦးအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၆၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်လျက်ရှိသော ဝန်ထမ်း(၅၀)ဦးအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။