ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် သားဖွားဒီပလိုမာ အပ်နှင်းခြင်း အခမ်းအနားနှင့် ပြင်ဆင်ဖြည့်စွက်မည့် သူနာပြု သားဖွားဝတ်စုံများ မိတ်ဆက်ပြသခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် သားဖွားဒီပလိုမာ အပ်နှင်းခြင်း အခမ်းအနားနှင့် ပြင်ဆင်ဖြည့်စွက်မည့် သူနာပြု သားဖွားဝတ်စုံများ မိတ်ဆက်ပြသခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာ၀န်ရှိဌာနဆိုင်ရာများ၊ လုပ်ငန်းခွင်၀င်မည့် သင်တန်းသူများနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြူလုပ်သည့် တတိယအကြိမ် သားဖွားဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ၀န်ကြီးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး၊ လုပ်ငန်းခွင်၀င်မည့် သင်တန်းသူများမှ သူနာပြုများခံယူအပ်သော သစ္စာအဓိဌာန်(၈)ချက်အား ရွတ်ဆိုခဲ့၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများမှ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။

ဆက်လက်၍ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုသားဖွားဒီပလိုမာသင်တန်းသူများနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့၏ ပြင်ဆင်ဖြည့်စွက်မည့် သူနာပြုသားဖွားဝတ်စုံများ မိတ်ဆက်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်မှ ဝတ်စုံများ ပြင်ဆင်ဖြည့်စွက်ရသည့်အကြောင်းရင်းအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် သူနာပြုသားဖွား ဒီပလိုမာသင်တန်းသူများမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့၏ ပြင်ဆင်ဖြည့်စွက်မည့် သူနာပြုသားဖွားဝတ်စုံများ ဝတ်ဆင်ပြသမှုအား ကြည့်ရှု၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများမှ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

05-Jan-2017