ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူစနိယပွဲတော် ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူစနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို အခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး / ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကာ ၂၀၂၁ ခုနှစ်၊မတ်လ ၁၃ ရက် (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တပေါင်းလဆန်း(၁)ရက်နေ့ နံနက်(၈)နာရီအချိန်မှာ စေတီတော်ကြီး၏ အောက်ခြေသမာဓိစောင်းတန်းထိပ်ပင်လယ်ကမ်းစပ်ရှိ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပထမဦးစွာ သမာဓိစောင်းတန်းထိပ်ပင်လယ်ကမ်းစပ်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)နှင့်အဖွဲ့သည် ရှင်ဥပဂုတ္တဖောင်တော် အားရေမျောပူဇော်ခြင်းနှင့်နဂါးစာကျွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို မြတ်မော်တင် ကျောင်းတိုက်ဆရာတော် (မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုဇာတ ) ဆရာတော်၊ဧရာဝတီတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ဗုဒ္ဓပူစနိယဘုရားပွဲတော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်၍ အင်္ဂါထောင့်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ယို(၉)မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ 

အဲဒီနောက်     သံဃာတော်များက မြတ်မော်တင်ဘုရားရင်ပြင်တော်ပေါ်မှာ ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူခဲ့ကြပါတယ်။ ဆက်လက်ပြီး ရင်ပြင်တော်ရှိ မဟာမင်္ဂလာမပ်မှာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်(၃)နှင့်အဖွဲ့တို့ဟာ ဧည့်ပရိတ်သတ်များနှင့်အတူ ငပုတောမြို့နယ်ဩဝါဒါစရိယ၊ ပြင်ခရိုင်၊ ရွှေကျောင်းတိုက်ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကဝိနန္ဒအရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်တော်မှူသော ပရိတ်တရားတော်များအား နာယူကြည်ညိုခြင်း၊ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ပါတယ်။

ထို့နောက် မြတ်မော်တင်ကျောင်းတိုက်ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာ တရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိပါတယ်။

14-Mar-2021