တိုင်း၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်နေ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား Covid-19 ကာကွယ်ဆေးထိုးနှံခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၂)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၂၀၀)ဦးအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသက်(၆၅)နှစ်နှင့်အထက် မြို့ပေါ်ရပ်ကွက်နေ သက်ကြီးရွယ်အို (၁၃၄)ဦးအား  Covid-19 ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

-

-

12-Mar-2021