ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၌ တောင်သူ လယ်သမားနေ့အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်သည် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၁ခုနှစ်၊ မတ်လ၊ (၂)ရက်နေ့၊ (၀၉၀၀)အချိန်၌ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူပညာပေး စံပြစိုက်ခင်းများအား ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တောင်သူလယ်သမားထုကြီးအား ကိုယ်စားပြုပြီး လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ကျေးဇူးရှင်များဖြစ်ကြသည့် တောင်သူလယ်သမားများအပေါ် ဂုဏ်ပြုသည့်အားဖြင့် ယခုကဲ့သို့တောင်သူ လယ်သမားနေ့ကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လယ်ယာထွက်ကုန်များမှရရှိသည့် ပြည်ပဝင်ငွေ တိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းများပြီး အရည်အသွေးကောင်း သီးနှံများထုတ်လုပ်နိုင်ရေး စျေးကွက်ကောင်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့် စိုက်ပျိုးရေနှင့် စက်ကိရိယားများကိုလည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့်သီးနှံများရွေးချယ်စိုက်ပျိုးပြီး ပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အစိုးရနှင့်တောင်သူလက်တွဲပြီး စားနပ်ရိက္ခာဖူလုံ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်ချက်များရှိပါလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

02-Mar-2021