ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် သည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပွဲကို (၁၀.၂.၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းက ဧရာရွှေဝါခန်းမ၍ ကျင်းပခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က နိုင်ငံအတွင်း ဒေသအသီးသီးတွင် လက်တလောဖြစ်ပေါ်လျက်ရှိသော နိုင်ငံနှင့်ပြည်သူအကျိုးပျက်စေမည့် သွေးထိုးလှုံ့ဆော်မှုများ၊ ကောလဟလများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ဝတ္တရားများ မဆောင်ရွက်နိုင်အောင် သွေးဆောင်မှုများ ပြုမူဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အလေးထားပြောကြားလိုကြောင်း၊ ဒေသတွင်းလုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုမိုးရေးသည် အဓိကကဏ္ဍဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည့်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းအောင်မြင်အောင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်သွားကြရန်၊ အရည်အသွေးမပြည့်ဝမှု၊ အရည်အချင်းလျော့နည်းမှုမျိုး မဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဗိုလ်မှူးကြီးကျော်စွာလှိုင်က လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အဆိုပါတွေ့ဆုံပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ပါသည်။

10-Feb-2021