ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ (၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြပါသည်။

ထို့နောက် (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် အလှူရှင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုမှ ငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်ဇနီး ဒေါ်တင်ဇာနှောင်းမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်ဇနီး ဒေါ်စိုးပပမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်မှ ငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှသန်းမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ရွှေသောင်းမိသားစုမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ငွေကျပ် (၅)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ငွေကျပ် (၃)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးတံတားဦးစီးဌာနမှ ငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးရသုံးမှန်းခြေဦးစီးဌာနမှ ငွေကျပ် (၁)သိန်းအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

Photo by : Wai Zin

06-Apr-2020