ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၄/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးသို့တက်ရောက်

၄/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁)ရက်နေ့၊ ညနေ (၁၄၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၆)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် အနည်းဆုံးကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များ အနေနှင့် ရင်းနှှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်းပံ့ပိုး ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေနှင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြနိုင်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အမြန်ဆုံး လွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရေက် ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

06-Apr-2020