ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအတွက် အလှူငွေ လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအတွက် အလှူငွေ လှူဒါန်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်တို့မှ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်ပြီး အလှူရှင်များ ဖြစ်ကြသော အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း (Chairman & Founder)Excellent Fortune Foundation (EFF Foundation)မှ ကာလတန်ဖိုး (၁၇၂၇၂၆၀၀)ကျပ်ရှိ ရောဂါကာကွယ်ရေးဝတ်စုံ (PPE) (၃၆၇)စုံ၊ တစ်ခါသုံးရာဘာလက်အိတ် (Gloves) (၁၄၆၈)စုံ၊ ရောဂါကာကွယ်ရေးမျက်မှန် (Goggies) (၁၂၂)၊ ရောဂါကာကွယ်ရေး နှာခေါင်းစည်း (Face Mask) (၄၂၇၀)ခု၊ ရောဂါကာကွယ်ရေး နှာခေါင်းစည်း (N-95) (၄၄၀)ခုအားလည်းကောင်း၊ I Green Co.,Ltd မှ ငွေသားကျပ်သိန်း (၅၀)အားလည်းကောင်း၊ Buffo Myanmar Co.,Ltd မှ ငွေကျပ်သိန်း (၃၀)အားလည်းကောင်း၊ မအူပင်စက်မှုဇုန်မှ ငွေကျပ်သိန်း (၅၀)အားလည်းကောင်း၊ ညောင်တုန်းစက်မှုဇုန်မှ ငွေကျပ် (၂၅)သိန်းအားလည်းကောင်း၊ ရွှေဟိန်းထက်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၀၀)အားလည်းကောင်း၊ မီးလင်းချိုင် Supereme ကုမ္ပဏီမှ တန်ဖိုးငွေကျပ်သိန်း (၅၈၀)တန်ဖိုးရှိ ရောဂါကာကွယ်ရေး (PPE)ဝတ်စုံများ၊ Mask များ၊ ဆေးပစ္စည်းများ၊ ပိုးသတ်ဆေးရည်များအားလည်းကောင်း၊ Sun Flower Co.,Ltd မှ ငွေကျပ်သိန်း (၁၀၀)အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးမှ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသိုာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ပြီး နိုင်ငံခြားမှ ပြန်လာသူ မြန်မာနိုင်ငံသားများ စောင့်ကြပ်ကြည့်ရှုရန် ဖွင့်လှစ်ထားသော Quaratine Cernter အား ကြည့်ရှုခဲ့ပါသည်။

06-Apr-2020