မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့် နှစ်၊ မတ်လ ၅ရက်နေ့ ၀၉၃၀အချိန်တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံကျောင်းတိုက်(NFPE)အခြေစိုက်စခန်းတွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှဝန်ထမ်းများ/တာဝန်ရှိသူများနှင့်ဆရာ/ ဆရာမများ၊ (NFPE) ကျောင်း သား/ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က ကျောင်းထိုင်ဆရာတော်ကြီးအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် အကြောင်းအမျိုးမျိုး ကြောင့် ပညာသင်ကြားခွင့်မရရှိသူများနှင့် ပညာကိုဆက်လက်မသင်ကြားနိုင်ခဲ့သည့်ကလေးများ ဆက်လက်ပညာသင်ကြားပေးနိုင်ရန် အလယ်တန်း/အထက်တန်း/တက္ကသိုလ်အဆင့်ထိ ဆုံးခန်းတိုင်ပညာ ရေးပြီးမြောက်အောင်မြင်ပြီး ဘဝရပ်တည်မှုအာမခံချက်ရရှိနိုင်ရန်နှင့် စာမတတ်သူဦးရေလျော့နည်းပပျောက်စေရေးအတွက် အစီအမံများရေးဆွဲ၍ အောင်မြင်အောင် ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ကျောင်းပြင်ပမူလတန်းပညာရေး(Non Fomal Primary Education)(NFPE)နှင့်ပတ်သက်ပြီး ၂၀၁၅ခုနှစ်အမျိုးသားပညာရေးကိုဖော်ညွှန်းထားပြီး ပညာသင်ယူသူများအတွက်ကျယ်ကျယ် ပြန့်ပြန့်ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျောင်းပြင်ပနဲ့တစ်သက်တာပညာရေးဦးစီးဌာနကို ၂၀၁၆ခုနှစ်တွင် အသစ်ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ မိသားစုအခြေအနေအရ ပညာ သင်ယူဖို့ အခက်အခဲကြုံတွေ့နေရသော ပညာသင်ယူခွင့်ဆုံးရှုံးခဲ့သော ကလေးများအား ပညာသင်ယူခွင့်အခွင့်အလမ်းများ သေချာလာမည်ဖြစ်သည့်အတွက် အခက် အခဲရှိသောကလေးများအတွက်အခွင့်အလမ်းများပွင့်လန်းလာတော့မည်ဖြစ်ပါကြောင်း၊(NFPE) ပညာရေးသင်ရိုးညွှန်း တမ်း/ ဆရာကိုင်/ သင်တန်းသားကိုင်စာအုပ်များနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပမှ ပညာရှင်များဖြင့် ဝိုင်းဝန်းပြုစုခဲ့ပြီး ၂၀၁၄ခုနှစ်တွင် မြို့နယ်(၃)မြို့နယ်၌ စတင်စမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅/၂၀၁၆ခုနှစ်တွင် သင်ရိုးညွှန်းနှင့်ဘာ သာရပ်များကို ပြည်တွင်း/ ပြည်ပပညာရှင်များဖြင့် ပူးပေါင်း၍ ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရခဲ့သည့် ကလေး များအတွက် ဒုတိယအကြိမ်ပညာသင်ကြားခွင့် အခွင့်အလမ်းဖြစ်ပြီး NFPE ပညာရေးအစီအစဉ်ဆောင်ရွက်မှုဖြင့် အခွင့်အလမ်းများဆုံးရှုံးခဲ့ရသည့်ကလေးများ အခြေခံပညာမူလတန်း/ အလယ်တန်း/အထက်တန်းအဆင့်တို့ထိ တက်ရောက်သင်ကြားနိုင်ခြင်း၊ ဘဝရှေ့ရေးအတွက် လက်တွေ့ကျကျအထောက်အကူပြုနိုင်မည်ဖြစ်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး တစ်ဦးမကျန်ကျောင်းနေ၍ အခမဲ့ပညာသင် ကြားနိုင်ရေးအတွက် လက်တွဲခေါ်ယူပေးကြပါရန်နှင့် တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့ အစည်းများအနေဖြင့်သော်လည်းကောင်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပြီး ကျောင်းကြီးကြပ်ရေးမှူးဆရာကြီးဦးကြည်ဝင်းက ကျောင်းပြင်ပမူလတန်းပညာရေး NFPE နှင့်ပတ်သက်၍ သိကောင်းစရာများနှင့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားနေမှုအခြေအနေများအားရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

 

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးတရားသူ ကြီးချုပ်၊ တိုင်းဒေသကြီလွှတ်တော်ဒုဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းပြင်ပမူလတန်းပညာရေး NFPE ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝါးခယ်မမြို့နယ်ရှိဌာနဆိုင်ရာ/အလှူရှင်များမှလှူဒါန်းသည့်အလှူငွေ (၁၁၆၆၀၀ဝိ/-) ကျပ်အား အလှူရှင်များကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က NFPE ကြီးကြပ်ရေးမှူးဆရာကြီးဦးကြည်ဝင်းထံ ပေးအပ်လှူဒါန်းခြင်းများ ဆောင် ရွက်ခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

06-Mar-2020