ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ဘိုကလေးမြို့အဝင် နတ်ချောင်းတံတားပြင်ဆင်နေမှုအား ကြည့်ရှုခဲ့ပြီး ဘိုကလေးမြို့၊ ပေချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့ (၀၇၁၅)နာရီအချိန်တွင် ဘိုကလေးမြို့အဝင် နတ်ချောင်းတံတားပြင်ဆင်နေမှုအား ကြည့်ရှုခဲ့ပြီး ဘိုကလေးမြို့၊ ပေချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၀၇၄၅)နာရီအချိန်တွင် ဘိုကလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး (၀၉၂၅)နာရီအချိန်တွင် ဘိုကလေးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ (၁၄၂၅)နာရီ အချိန်တွင် ကျိုက်လတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး (၁၅၃၅)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

21-Jul-2016